အလိုက်သင့်တွန့်တတ်တဲ့ နှုတ်ခမ်းထောင့်ချိုးလေးတွေ
အပိုင်စားသိမ်းပစ်လိုက်ချင်တယ်
မထိတထိထင်နေတတ်တဲ့
ပါးပေါ်က အစင်းရာလေး
ငှါ့နှလုံးသားမှာ ဘောင်သွင်းသော့ခတ်မိပေါ့
ကမ္ဘာတစ်ခုမှာ အသက်၇ှင်ရတာခြင်းတူတူ
မင်းအသက်ရှင်တဲ့ မနက်ခင်းမှာ
ငါလည်းအသက်ရှင်မယ်
မင်း ရှင်သန်နေတဲ့ နေ့လည်မှာ
ငါလည်း ရှင်သန်မယ်
မင်း တိတ်ဆိတ်နေတဲ့ ညခင်းမှာ
ငါလည်း လိုက်တိတ်ဆိတ်မယ်
မင်းကြည့်တဲ့နေမင်းကြီးကို
ငါလည်းကြည့်မယ်
မင်းကြည့်နေတဲ့ လမင်းကြီးကို
ငါလည်းကြည့်မယ်
ဘာပဲဖြစ်ဖြစ်
ဒို့တတွေဟာ ကမ္ဘာတစ်ခုမှာ ရှင်သန်နေကြတယ်မဟုတ်လား
မမေးနဲ့
မမေးနဲ့နော်
သူတို့ပျောက်ကွယ်မဲ့နေ့
အမှတ်တရတွေပျောက်ကွယ်မဲ့နေ့
အလွမ်းတွေပျောက်ကွယ်မဲ့နေ့
မမေးနဲ့နော်
ငှက်ကလေးရေ
သူတို့ပျောက်ကွယ်မဲ့နေ့မှာ ငါက.......
ဧရိယာပြင်ပရောက်နေမှာ
မခမ်းနားပါဘူး
မထူးခြားပါဘူး
သစ်ရွက်တစ်ပွင့်နဲ့ သစ်ရွက်တစ်ပွင့်
လေထဲမှာ အလင်းပွင့်သွားတာပါ
တုန်ခါနှုန်းခြင်းထိခတ်သွားတာပါ
ဒါပေမယ့်လေ..
သစ်၇ွက်လေးတစ်ပွင့်က
အဲဒီအတိတ်မှာ ပျော်ဝင်နေခဲ့တယ်
ခုထိ ရုန်းထွက်ဖို့မေ့တုန်း........
ကိုယ့်စိတ်ရဲ့ ကြီးမြတ်မှုကို ကိုယ်ကိုယ်တိုင် ခေါက်ချိုးပစ်လိုက်ရသလိုပဲ
ဒါပေမယ့်လည်း ဟန်မဆောင်နိုင်ခဲ့ဘူး
စိုးရိမ်ပူပန်မှုများစွာနဲ့ပဲ
ကပြာကယာ ပြောလိုက်မိခဲ့
ငှက်ကလေး မင်းအတွက်ဆို
ငါက ငါ့သိက္ခာကိုတောင် မစဉ်းစားတဲ့သူပါ
ငါ့ကိုယ်ကျင့်တရားကိုတောင် မစဉ်းစားတဲ့သူပါ
ငါ အဲဒီလောက်ထိ ရူးတယ်
ကွဲရှသွားတဲ့ နားလည်မှုတွေ
ဘယ်လိုအရာနဲ့ ဆက်စပ်၇မလဲ
အစိမ်းရောင်လေးတွေဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့
မီးလေးမှိန်သွားတဲ့အထိ ငေးစိုက်ကြည့်နေမိတယ်
ငှက်ကလေး
မင်းနားမလည်တဲ့ငါက အရူးပါ
အချစ်ရူးပါ
အချစ်အတွက်နဲ့ ရူးနေတဲ့ သစ်ပင်ရူးပါ
သူငယ်ချင်းလို့ ခေါ်ဖို့ကိုတောင် မဝံ့တော့ဘူး
နားလည်မှု ဆိုတာကြီးကိုပဲ တတငိုနေမိတယ်
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်