ခဏခဏဖွင့်နေလို့တဲ့
Call
recorder ထဲက အသံတွေ ဟာ
ကျွန်တော့်ကို
ဆူနေပြီ
မင်း
မပျင်းသေးဘူးလားတဲ့လေ…
မတက်နိုင်ဘူး
သတိရတိုင်းပြေးမိတဲ့စိတ်တွေကို
ထိန်းဖို့
Call
recorder လေးကကျွန်တော့်အတွက် ပဲ့ကိုင်ရှင်
တစ်နေ့တာ
အချိန်ဇယားဟာ
မဟာအံ့ထူးကံသာ၊
ပိတ်ချင်းမြောင်နဲ့ ပွဲကောက်ရေတံခွန် တဲ့
အဲ့ဒီအချိန်တွေမှာ
ဒီရက်ကောဒင်းလေးဟာ ဘယ်နှစ်ကြိမ်မြောက်အလုပ်လုပ်ခဲ့ရသလဲ
ငှက်ကလေး
မင်းသိစေချင်လိုက်တာ။
ငှက်ကလေး
ဒီနေ့စိုခဲ့တဲ့
သင်္ကြန်ရေမှာ
မင်းအရိပ်အငွေ့တွေမပါလို့
ကိုယ်မပျော်ဘူး
ဒီအလွမ်းတွေကို
နားဖို့
ကိုယ်
ပတ်ဝန်းကျင်ကို လေ့လာပစ်လိုက်တယ်
အရာရာဟာ
မထူးဆန်းဘူး
အလွမ်းရောတဲ့
မြင်ကွင်းတွေဟာ
အထီးကျန်ဆန်လွန်းတယ်
မရမ်းရောင်
စိန်ပန်းလေးတွေ့တော့
ကိုယ့်စိတ်တွေ
ပစ်နားပစ်လိုက်တယ်
စိတ်တွေ
အနားမယူရင် ဒီအလွမ်းကြောင့် ကိုယ် ရူးသွားနိုင်တယ်။
အချစ်ကြောင့်ရူးတဲ့
သစ်ပင်ရူးတစ်ကောင်
အလွမ်းကြောင့်သာ
ဆက်ရူးရင်
ငှက်ကလေး
မင်းကို မေ့သွားမှာစိုးတယ်။
အမြင့်ပေ
၃၈၃၅
နားထဲကတဝူးဝူးထွက်နေတဲ့
လေတွေမှာ
ကိုယ်ဟာ
မူးနေပြီ
အကွေ့အကောက်တွေများလွန်းတဲ့
လမ်းမှာ
ဆတ်ခနဲဆတ်ခနဲ
ကွေ့လိုက်တဲ့ အခိုက်အတန့်
လန့်ထိတ်မှုကြောင့်
မင်းကိုမေ့တယ်
အဲဒီအချိန်ခဏလေးပါပဲ
မင်းကို
မေ့ဖူးတယ်
မန်းရနံ့ကိုနောက်တစ်ကြိမ်ရှုရှိုက်မိပြန်ပေါ့
အထပ်ထပ်အခါခါ
မြင်နေရတဲ့ကျုံးကြီးဟာလည်း
ထူးမခြားနားလှတုန်းပဲ
မှားလက်စ
နာရီစင်ကြီးဟာလည်း မှားနေတုန်းပဲ
အာကာမင်းဆိုတဲ့ ဆိုင်းဘုတ်ကြီးက ကျွန်တော့်ကို လှောင်တယ်
ဒီလောက်ခဏခဏလာနေတာတောင် မမှတ်မိသေးဘူးလားတဲ့လေ
မန်းတောင်ကြီးကလည်း လှမ်းမေးတယ်
မန်းရိပ်ကို ခိုတာ ဘယ်နှစ်ခါရှိပြီလဲ ပြန်စဉ်းစားကြည့်ဦးတဲ့
မတတ်နိုင်ဘူး
ကိုယ်က ခရီးသွားပဲ
ဘာကိုမှမသိတဲ့ ခရီးသွား
တာ့တာ မန်းရေ ဆိုပြီး ခရီးဆက်ဖို့ပြင်တော့
ဘာမဆိုင်ညာမဆိုင်ကောင်းကင်ကို မော့ကြည့်မိပြန်ပေါ့
ငှက်ကလေး...ရေ။
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်