“ဟေး..အပျိုကြီး
ဘယ်တော့ စားရမှာလဲဟေး”
ဘေးအိမ်မှ ဗလွတ်ရွှတ်တွ
နေတတ်လေ့ရှိသော၊ သူမကိုဆို အမြဲနောက်လေ့ရှိသော ဦးလှဘူး။
“ဘယ်တော့မှ စားရဘူးဗျို့..မျှော်မနေနဲ့တော့
ဦးလှဗူးသမီးမင်္ဂလာဆောင်ရောက်ရင်သာ အပြတ်အသတ်ကျွေးဖို့စဉ်းစားထား”
“ဟားဟား..ငါ့သမီးက
ခုမှ ဆယ်နှစ်ရှိသေးလို့ဟ..တော်ကြာညည်းရှာထားသမျှ ဘုန်းကြီးစားသွားမှာစိုးလို့မေးတာပါဟာ..စိတ်မဆိုးပါနဲ့”
ကဲ ပြီးကရော။
ဘုန်းကြီးစားသွားမှာ စိုးလို့တဲ့။ ငါနော်။ မျက်စောင်းတွေ ပစ်ထိုးပြီး ထွက်လာလိုက်တော့သည်။
အော်လည်းအော်ပေးခဲ့လိုက်သေးသည်။
ဘယ့်နှယ် သူမအသက်လေးက
အလွန်ဆုံးရှိလ ၂၈ နှစ်ပေါ့။ ပြည့်တောင်မပြည့်သေး။ အမေနှင့်အဖေကဆို သူမကို ခုထိ သမီးလေး၊ကလေးလေးနှင့်ခေါ်တုန်း။
ခုတော့ ဦးလှဘူးကြီးစခေါ်ကတည်းက သူမတို့လမ်းလေးထဲမှာ သူမကို အပျိုကြီးဟုခေါ်ကြသည်မှာ
ယနေ့ထိ။ ဟင်း…အဲဒီဦးလှဘူးကြီးကြောင့်ပေပါ့။
ခုတော့ အပျိုကြီး
တဲ့။ အဲဒီလိုခေါ်တာ သူမ မကြိုက်ပါဘူး။ ဒီအသက်လေးနှင့် အပျိုကြီး ခေါ်ခံရမည်ဆိုလျှင်ဖြင့်
အသက်သုံးဆယ်ကျော်ဆို ဘယ်လိုလုပ်မတုန်း။ ဖြစ်သေးပါဘူး။ ရည်းစားလေးတစ်ယောက်လောက် အမြန်ရှာဦးမှပါ။
မနက်စာ မုန့်ဟင်းခါးထွက်ဝယ်သူ သူမ ဦးလှဘူး စကားကြောင့် ဆုံးဖြတ်ချက်ချလိုက်ရတော့သည်လေ။
အင်း..ပြောသာပြောရတာ။ သည်ဆုံးဖြတ်ချက်ကလည်း ချလာတာ သုံးနှစ်လောက်ာရှိပြီ။ ခုထိကို အကောင်အထည်မပေါ်နိုင်သေး။
……..
“အပျိုကြီး တကယ်လုပ်မှာလားပြောစမ်းပါ..ရည်ရွယ်တဲ့မင်းအကြောင်းတွေ..xxxxxxအားကျမခံ
လူပျိုကြီးပဲ လုပ်တော့မယ်”
ဟော..စိတ်ညစ်တာ
အဲဒါတွေ၊အဲဒါတွေ။ တကယ်ပါပဲ။ အလုပ်ပြန်ညနေခင်းဆို အမြဲ ဒီသီချင်း တော့ ကြားရမြဲ။ သူမတို့
လမ်းထိပ်အုတ်ခုံလေးပေါ်ဝယ် ဂစ်တာတီးနေသူ ကောင်လေးတစ်စု။ သူမက မျက်နှာထားတည်ကာ ကြည့်လိုက်လျှင်တော့
ဖြင့် သူတို့မဟုတ်သလို မျက်နှာပေးနှင့် ပြုံးစိစိလုပ်ကာ လှည့်လှည့်သွားကြသည်။ဟင်း..ကောင်ချောလေးတွေ
ပါနေလို့ သူမကလည်း ရန်သွားမလုပ်တာပေါ့။ နို့မို့ နိုင်း တဲ့ တစ်နိုင်းပဲ ရှိတယ်။ နှစ်နိုင်းရှိရင်
ဖြတ်ပစ်မယ်။ အဲ ဟုတ်ပါဘူး။ ရန်သွားတွေ့ဖြစ်မယ်ပြောတာ။
အဟီး…ကိုယ့်အတွေးကိုယ်
စဉ်းစားမိကာရယ်ရင်း ဆက်လျှောက်လာလိုက်သည်။
“နိုင်းလေး..အလုပ်က
ပြန်လာပြီလား..နောက်ကျသားနော်”
သွားကြီးအဖြီးသားနဲ့
ဦးဇော်အောင်။ နိုင်းလေး…တဲ့။ မသိရင် နှစ်လုံးဂဏန်းပေးတာကျနေတာပဲ။ နေနှင့်ဦး နက်ဖြန်မှ
ထိုးလိုက်ဦးမည်။ အဲ..ဟုတ်ပေါင်။ အခါတိုင်းလည်း ဒီအချိန်ပဲကို။ စကားရောဖောရောလုပ်ချင်တိုင်း။
“ဟုတ်ကဲ့..ဦးဇော်အောင်ကော
ဘယ်သွားမလို့လဲ..ဟိုကွမ်းးယာဆိုင်က အပျိုကြီး မအေးဆီလား”
“အာ..နိုင်းလေးကလည်း..ဘယ့်နှယ်
ဦးတပ်ခေါ်တာလဲ..ခေါ်စမ်းပါ..အစ်ကိုဇော်ပေါ့…အဲဒီအပျိုကြီးဆီ ကိုယ်က ဘာသွားလုပ်ရမှာလဲ..ဒီချိန်
နိုင်းလေး ရုံးက ပြန်လာတတ်မှန်းသိလို့ ကြိုစောင့်နေတာ””
“အငယ်လေးတွေချစ်ရင်
ဒုက္ခ..အငယ်လေးတွေ ချစ်ခြင်ကြတဲ့ အစ်ကိုကြီးတွေ ဖြစ်ချင်ကြရင် ငါးပါးမက မှောက်လိမ့်မယ်”
အဲ.အုတ်ခုံက ငတိလေးတွေ
သီချင်းသံ။ ဦးဇော်အောင် သူ့နဖူးပြောင်ကို ပွတ်ရင်း ဘာပြောရမှန်းမသိဖြစ်နေပုံပေါ်၏။
“ဦးဇော်အောင်
သွားလိုက်ပါဦးမယ်နော်”
တားချိန်မရခင်
ပြေးထွက်လာလိုက်သည်။ ဦးဇော်အောင် လိုက်ဖို့ပြင်လိုက်ချိန်ဝယ်
“ဦးနဲ့သမီးရယ်က
အရွယ်ချင်းလည်းမတူတယ်”
“အော် ဒီကောင်ကလည်း
ဦးနဲ့သမီးဆိုကာမှတော့ အရွယ်ချင်းတူပါ့မလားဟ”
ဦးဇော်အောင်ကျန်ခဲ့တော့၏။
အုတ်ခုံက လူငယ်တစ်စုကတော့ စကားပြောရင်းဂစ်တာတီးရင်း။
ဒီလူကြီး သူ့ဘာသာသူ အမြတ်ခွန်ရုံးမကလို့ ဘာရုံးက
ဝန်ထမ်းဖြစ်ဖြစ် သူ့နဖူးပြောင်ရယ်၊ ဗိုက်ရွှဲရွှဲရယ်၊ ရှစ်နှစ်ကြီးသောအသက်ရယ်နှင့်တင်
ပယ်၏။ မစဉ်းစားဘူး။ ဘယ့်နှယ် စဉ်းစားလည်း ရုပ်မချောတောင် ကိုရီးယားမင်းသားလီဗြောင်ဟွန်းလိုမျိုးပုံပဲ
စဉ်းစားမှာပေါ့။ ဒါမှမဟုတ်လည်း အက်ဖ်ဖိုးမင်းသား ဟွန်ဂျွန်ပျိုလိုပေါ့။ ဟင်း……အုတ်ခုံလေးပေါ်တောင်
မကြည့်ခဲ့လိုက်ရဘူး။ ကောင်ချောလေးတွေပါမပါ။ ဒီ ဦးဇော်အောင်ကြီးရှုပ်တာကြောင့်။
…………………………………………….
“ဟဲ့ သမီး…ဒါဘာတွေလဲ”
ဘုရားရေ။ အမေ့လက်ထဲမှာ
သူမ ညကရေးထားသောစာရင်း။ အိပ်ယာကနိုးရုံရှိသေး..ကုတင်ဘေးရပ်ရင်း အမေက စာရွက်လေးတစ်ရွက်ကိုင်ရင်းမေး၍
ကြည့်လိုက်မိခြင်းပင်။
“အဲ..အ..အမေ့
ဘာမှမဟုတ်ဘူး..အကြွေးတောင်းဖို့စားရင်း”
“အကြွေးတောင်းရမဲ့လူကလည်း
ဒီလောက်တောင်များသလားဟယ်..မှန်း ငါသိတဲ့သူများပါသလား…လမ်းကြုံရင်တောင်းပေးရအောင်လို့”
ဖြတ်ခနဲ ဆွဲယူလိုက်ရင်း
စားပွဲပေါ်ရှိ ဆလင်းဘက်အိတ်ထဲ ကပျာကယာ ထိုးသွင်းလိုက်သည်။
“ပါ….ပါ..ပါဘူး
အမေရဲ့..အမေမသိတဲ့ ရုံးကလူတွေပါ..အဟီး”
“အေးအေး..မြန်မြန်ရေချိုးပြီးထွက်လာတော့..အချိန်အတော်လင့်နေပြီ…အလုပ်နောက်ကျဦးမယ်”
“ဟုတ်”
ဟုတ်သား။ ညက ဒီစာရင်းထိုင်လုပ်နေတာ
ညဥ့်နက်သွားသည်ပဲ။ သို့မို့ကြောင့် အခါတိုင်းအိပ်ယာထချိန်ထက် နာရီဝက်နောက်ကျသွားခြင်း။
“အလုပ်သွားရင်း
ဘဏ်ရုံးကနေ ပစ်စင်ထုတ်ဖို့စာရွက် ဝင်ယူခဲ့စမ်းအေ..နှစ်စောင်နော်..နင့်အဖေရင်ငါရယ်”
“ဟုတ်”
………………..
“မီးရေ….အန်တီ့ကိုတာ့တာလုပ်ပြပါဦး”
အလုပ်မသွားခင်
ဘေးအိမ်မှ လင်မယားနှစ်ယောက်၏ ကလေးကို ချော့မြူနေစဉ်ဝယ်
“အန်တီ သူများကလေးတွေချည်းချစ်မနေနဲ့တဲ့..ဝါကျွတ်ရင်လက်ထပ်နိုင်ဖို့စဉ်းစားဦးတဲ့..ဖေဖေက”
ဦးလှဘူးသမီးလေးပြောစကားကြောင့်
ဦးလှဘူးအား မျက်စောင်းထိုးမိရင်း ခြေစောင့်ကာ ထွက်လာလိုက်တော့သည်။ ဦးလှဘူးကတော့ တဟားဟား
ရယ် လျက်……..။
…………………………………….
မြင်နေရသည့် မြင်ကွင်းကြည့်ကာ
နိုင်း တောင် ကြည်နူးမိလာပြီ။ ကြည့်ပါဦး။ ခုံတန်းလေးဝယ် ကောင်လေးနှင့် ကောင်မလေးနှစ်ယောက်
တစ်ယောက်ပုခုံးတစ်ယောက်မှီပြီး နားကြပ်တစ်ယောက်တစ်ဖက်စီတပ်ကာ သီချင်နားထောင်နေပုံမှာ
ကြည်နူးစရာ။ သည်ကြားထဲ ဝင်လုဆဲ နေမင်းက ကြက်သွေးရောင်ကို အသားကုန်တောက်ပပြီး လင်းနေသည်။
တိမ်စဖြူဖြူတို့ကလည်း ပငလ်ယ်ရှိ လှိုင်းကြက်ခွပ်လေးများသဖွယ် နေမင်းနှင့် ပဏာရနေပုံမှာ
ထိုစုံတွဲလေးနှင့်ပေါင်းလိုက်သောအခါ ကြည်နူးဖွယ်ရာ ပန်းချီတစ်ချပ်နှယ်။
“ဟဲ့ နိုင်း ဘာတွေ
ငေးနေတာတုန်း”
“အမ်.. ငေးပါဘူး
နင်တို့တွေ ဘာတွေ ကြာဦးမှာလဲလို့ စောင့်နေတာ”
“အံမယ် ငါသိပါတယ်နော်
ဟိုအတွဲလေးကြည့်ရင်း အားကျနေတာမလား”
“အေး သိပြီးရောအေ”
တကယ်ပါပဲ။ မဟုတ်ပါဘူး
ဆိုကာမှပဲ စွတ်တရွတ် ပြောနေလိုက်တာ။ ဒေါသထွက်ထွက်နှင့် ရှက်ရမ်းရမ်းပြီး ခြေဆောင့်
ထွက်လာသည့် သူမ နောက်မှ အပြေးလိုက်လာသံကြောင့် နီမ လိုက်လာပြီ ထင်မိကာ ရပ်ရင်း အနောက်လှည့်လိုက်သည်။
“ဝုန်း”
သို့သော် သူမ
မှန်းဆချက် မှားသွားသည်ကိုတော့ နောက်ကျမှ သိလိုက်ရသည်။ နောက်မှ လိုက်လာသည့်သူက သူမ
အား အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်၍ လဲကျပြီးသည့် အချိန်မှ ကြည့်မိတော့ ယောကျာင်္းသားတစ်ယောက်။
သူကလည်း သူမ ရပ်မည်မထင်သဖြင့် တိုက်မိခြင်းအား အူကြောင်ကြောင်ဖြစ်နေဟန်နှင့်။ တကယ်ပါပဲ။
အထည်ချုပ်ကနေ အားလပ်ရက်လေးရလို့ သူငယ်ချင်းများနှင့် လျှောက်လည်မိသည်မှာ မှားပြီထင့်။
သို့မဟုတ် သည်နေ့ ပြဿဒါးနေ့လေပဲလား။
“ဟဲ့ နိုင်း ဘာဖြစ်သွားသေးလဲ”
ခုမှ သူမအနားရောက်လာကာမေးသော
နီမနှင့် သူငယ်ချင်းများအမေးစကားကို ခေါင်းခါပြမိရင်းထတော့ နီမမျက်လုံးပြူးသွားသည်ကိုတွေ့ရ၏။
“ဟဲ့ နင့်နောက်မှာ..”
“အမ် ဘာလဲ” မေးလိုက်ရင်း
သူမ လဲကျသွားသည့်နေရာအား မျက်စိအရောက် နားလည်မိပေပြီ။ ကွမ်းတံတွေးများ ပြန့်ကျဲနေသည်မှာ
ဘယ်သကောင့်သားတွေ၊ တေချင်းဆိုးတွေများ စည်းမရှိကမ်းမရှိ ထွေးသွားလေသည်မသိ။ အိုး..သည်နေ့မှပင်
ထမီစကပ်ဝတ်လာလိုက်မိပြီ။ စိတ်တို့ ရှုပ်ထွေးသွားမိရင်း နီမအား အားကိုးတကြီး ကြည့်လိုက်မိချိန်ဝယ်
“ဟိုလေ.. ကျွန်တော့်
ရှပ်အိကျီလေးယူသွားပါ့လား”
“အေး..ဟုတ်တယ်
ယူခဲ့လိုက် နိုင်း ..ငါတို့အဖွဲ့ထဲမှာလည်း အပေါ်ရုံလိုမျိုးအိကျီင်္အပို ပါမလာဘူး။”
ခေါင်းငြိတ်ကာ
ကမ်းပေးနေသော အိကျီင်္အး ယူလိုက်သည်။
“ဟိုကျွန်မ ပြန်ပေးဖို့ကျတော့
လွယ်မယ်မထင်………”
“လွယ်မှာပါ..
မမကသာ သား ကိုမသိတာ သားက မမကိုသိတယ် တစ်ရပ်ကွက်တည်းနေတာပဲလေ”
ပြောရင်းဆိုရင်း
ပြေးထွက်သွားသော ကောင်လေးနောက်ကျောအားကြည့်မိရင်း စဉ်းစားမိသည်ကတော့ မတွေ့ဖူးပေါင်..
ဟုသာ။
“သားနဲ့ မမ ဇာတ်လမ်းလားဟ..
ဘယ်နေ့အတိအကျသိရမလဲဟင် နိုင်းနော် နင် နင့်ဇာတ်လမ်းတွေကျ ငါတို့ပြောမပြဘူးပေါ့ ငါတို့ကျ
အမြဲပြောပြရတယ်”
“အေးလေ..ဟုတ်ပ”
“ဒီလိုလုပ် ဒီလိုလုပ်
နောက်တစ်ခါကျ ဒို့တွေ ထမင်းစားချိန်တိုင်းပြောတဲ့ဇာတ်လမ်းတွေကို နိုင်းဇာတ်လမ်း ပြောမပြသေးခင်အချိန်ထိ
ပါးစပ်ပိတ်ထားကြအောင်”
တစ်ယောက်တစ်ပေါက်နှင့်
ဆူညံစွာပြောနေသော သူငယ်ချင်းများစကားကြောင့် သူတို့အား မျက်စောင်းထိုးမိရင်း ရှက်ရှက်နှင့်
အော်လိုက်မိတော့သည်။
“ဟဲ့ ငါကိုယ်တိုင်တောင်မှ
မသိတဲ့ဟာကို… သူ့ဘာသာ ငါ့ကို သိတယ်ပြောသွားတာ.. ငါနဲ့မဆိုင်ဘူး”
အင်း..ဘာလို့ရှက်နေတာပါလိမ့်..။
ကိုယ့်စိတ်ကိုယ်မလုံမလဲတွေးရင်း အလုပ်ပိတ်ရက် ဒီဇင်ဘာနျစ်ဆယ့်ငါး၇က်နေ့မှာ ဖူးစာရှင်အစစ်တွေ့ပြီလားရယ်လို့
မဝံ့မရဲလေး မျှော်လင့်လိုက်မိသေးသည်ကတော့…….။
……………………………………………………………………………………………………………………………………..
“မမက ဘယ်သိမလဲ..
သားက အဲ မောင်က မမအလုပ်သွားအလုပ်ပြန် နေ့တိုင်း လိုက်ကြည့်နေတာကို”
အသက်ကလေး သုံးနှစ်သာ
ငယ်သော်ငြား သူ့အိမ်တွင် သား၊ သားနှင့် နာမ်စားသုံးသောကြောင့် သူ့ကိုယ်သူ သား ဟု နှုတ်ကျိုးတတ်သော
ချစ်သူလေးကို ကြည့်လိုက်သည်။ သူသည်လည်း သူမ လိုပင် စက်မှုဇုန်ထဲဝယ် အလုပ်လုပ်သည်တဲ့။
စတီးစက်ရုံတစ်ခုတွင် အလုပ်လုပ်သည့် သူသည် ဝင်ငွေကတော့ သူမ ထက်ပိုသည်မှာ သေချာပါသည်လေ။
ရွပ္အိက်ီၤေလးတစ္ခုမွ
အစပြုကာ ရင်းနှီးခဲ့သော သူနှင့် နိုင်း သုံးလမပြည့်ခင်ပင် ချစ်သူ ဖြစ်သွားသည်ကတော့
နိုင်းအလွန်ဖြစ်မည်မထင်ပါ။ ဂရုစိုက်ပြတတ်လွန်းသော သူနှင့် ဦးလှဘူးကြီး၏ အပျိုကြီး
ဆိုသော ခေါ်သံကြောင့်ဆိုလျှင်တော့ ပိုမှန်ပေလိမ့်မည်။
မောင့်မိဘတွေကလည်း
သဘောကောင်းလိုက်တာ လွန်ပါရော။ သူမ အား သမီး၊ သမီးလေးနှင့် ပါးစပ်ဖျားကကို မချ။ ရပ်ကွက်ဈေးလေးဝယ်
အသီးအရွက်ရောင်းသော မောင့်မေမေမှာအပြောကလည်းချိုသလို ရုပ်ကလည်း ကျက်သရေ ရှိလှ၏။ မောင့်ဖေဖေကလည်း
ခင်မင်လေးစားဖွယ်ရာကောင်းလှ၏။ မိန်းမဖြစ်သူအား ကူညီကာ ဈေးဆိုင်အလုပ်လုပ်ပေးနေရသည်ကို
ကျေနပ်နေတတ်သူ။
ကိုယ့်ယောက္ခထီး၊
ယောက္ခမမို့ထင့်။ ခင်မင်လေးစားဖွယ်ရာကောင်းသည်လို့ ထင်မိသည်ရယ်လေ။
…………………………………………………..
ဦးလှဘူးတို့အိမ်ရှေ့ရောက်လေပြီ။
မောင့်လက်ကို နဂိုကထက် တင်းတင်းချိတ်လိုက်၏။ ကဲ ဦးလှဘူးကြီးဘာတက်နိုင်သေးလဲ။ လက်ဖွဲ့ကြီးကြီး
တောင်းရမယ်။ ဟင်း..
လက်ထက်ဖိတ်စာ လာဖိတ်သည့် သူမကို သည်တစ်ခါကော အပျိုကြီးဟု
ခေါ်လေဦးမည်လား။စိတ်ထဲဝယ် ကျုံးဝါးရင်း ဖိတ်စာလေးအား တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်၏။
“ဦးလှဘူးရေ..ဦးလှဘူး..”
“သြော်.. သမီးတို့
လာကြ..လာကြ”
ဦးလှဘူး မိန်းမသာ
တွေ့ရသဖြင့် ဦးလှဘူး မရှိဘူးလား သိချင်စိတ်နှင့် အိမ်ထဲသို့ အလောတကြီး ဝင်လိုက်မိသည့်
နိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။ သင်္ဃန်းဝတ်နှင့် ဦးလှဘူး။
ပေါက်တတ်ကရလည်း
ပြောလို့မရတော့။ လက်အုပ်သာ ချီထားလိုက်ရတော့ပြီ။ ဟင်း.. နို့မို့ဆို……။
………………………………………………………………………………………
သခင့် ဖြစ်အင်ကြောင့်
သူ့မှာ လက်၏ တင်းတင်းဆုပ်ကိုင်မှုကြောင့် အသက်ရှုကျပ်သည့်ကြားမှ အင်မတန်မှပင် ရယ်ချင်မိလှစွာ။
ဘာပဲဖြစ်ဖြစ် ၁.၁.၂၀၁၂ ရက်နေ့တွင်တော့ သခင့်ဆန္ဒ
ပြည့်ဝပါစေ ဆုတောင်းပေးမိရင်း။ ထိုနေ့သည် သခင်၏ မင်္ဂလာပွဲနေ့ဖြစ်သည်လေ။ နှစ်သစ်မှာ သခင်လည်း
အပျိုကြီးအဖြစ်မှ ဝဋ်ကျွတ်ပေတော့မည်။
ထိုနေ့ပြီးလျှင်တော့
သူသည် သခင့်ဗီရိုလေးထဲဝယ် အမှတ်တရ သိမ်းခံထိဖို့ရာထက် အမှိုက်အဖြစ်စွန့်ပစ်ခံဖို့ရာ
သေချာနေသည်ကတော့…….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ
၂၄ ဒီဇင်ဘာ ၂၀၁၁
Sm17206.blogspot.com
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်