---+++---
(၁)
“မြား..။ ဒါ မြားလား။”
မပီမသ ရေရွတ်မိလိုက်တယ်။ မှန်သားကိုယ်စီဖုံးအုပ်ထားတဲ့ မျက်ဝန်းအစုံရဲ့
ထပ်တူကျအကြည့်ဟာ လေးနက်ဖေါက်ဝင်သွားမတက်။ မျက်သားဖြူဖြူထက်က
မျက်နက်ဝန်းတွေကိုကြည့်ရင်း ကိုယ့်မျက်လုံးကို ပြန်ဆွဲထုတ်ရတာ ခက်တယ်။ ကားအနက်ကို
မှီလို့ လက်ပိုက်ရပ်နေတဲ့ သူ့ဟန်ပန်ဟာ ကိုယ့်အတွက် ဘာတစ်ခုမှ အဓိပ္ပါယ် မရှိပါဘူး။
အဓိပ္ပါယ်ရှိလိုက်တာကသူ့မျက်ဝန်းနဲ့ ထပ်တူကျ သွားစိုက်လိုက်မိတဲ့
ကိုယ့်မျက်ဝန်းတွေ။
မျက်ဝန်းနှစ်ခု တကယ်ဆုံစည်းပြီဆိုရင် အခုလို လေးနက်သွားတဲ့ ခံစားမှုမျိုးရှိကြောင်း
သိတာ ဒါ ပထမဆုံးပဲ။ သူ့မျက်ဝန်းနဲ့ ကိုယ့်မျက်ဝန်းမှာ ဘာအဓိပ္ပါယ်မှ မပါ ပါဘဲ
ထပ်တူကျဆုံစည်းမိလိုက်ရုံလေးနဲ့ ဒီလောက်ထိ လေးနက်သွားသတဲ့လား။ နှလုံးသားမှာ
ရစ်သိုင်းလာတဲ့ လေးလေးပင်ပင်နဲ့ ငြိမ့်ညောင်းလာတဲ့ တိမ်သားလေးတွေ။
ဒါဘယ်လိုခံစားချက်မျိုးလဲ။ ဟင့်အင်း။ ကိုယ် အဓိပ္ပါယ်မဖေါ်တတ်ဘူး။
မျက်ဝန်းတွေ ဆုံဖူးတယ်။ သိပ်ဆုံဖူးတယ်။ ပူလောင်နေတဲ့ မျက်ဝန်းတွေကို ကိုယ်က
ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ ဒါပေမယ့် ထပ်တူမကျဘူး။ အေးစက်နေတဲ့
မျက်ဝန်းတွေကို ကိုယ် ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ အရောင်တွေ
ထပ်တူမကျခဲ့ဘူး။ ခု ကျွဲကော်ကိုင်းလို့ ခေါ်မလား။ မျက်မှန်အနက်ရောင်အောက်က
မျက်ဝန်းတွေမှာ ကိုယ့်မျက်ဝန်းတွေက
ထပ်တူကျသွားစိုက်နေခဲ့သတဲ့။ကပြာကသီပြန်လွှဲလိုက်ပေမယ့် မျက်သားဖြူဖြူနဲ့
မျက်နက်စေ့လေးဟာ ကိုယ့်နှလုံးသားထဲပါလာတယ်။ ဘယ်လို ရှောင်ရမယ်မှန်းကို မသိဘူး။
ဒီနေ့ ပန်းဆိုးတန်းမှာ မျက်ဝန်းတစ်စုံနဲ့ တွေ့ခဲ့တယ် လို့ ဒိုင်ယာရီစရေးကြည့်ရင်
ကောင်းမလားဟင်။ အဟင်း ကိုယ်ဆိုတာ စာရေးချင်ပေမယ့် စိတ်ကူးယဉ်ဆန်ဆန်
နုလှနေတတ်တဲ့သူမှမဟုတ်ဘဲ။ ကိုယ့်စိတ်ကူးကို ချက်ချင်းပဲ ပယ်ဖျက်လိုက်မိတယ်။
--+++---
ရည်ဝေ(လင်းရောင်ခြည်) ..............ရသခံစားမှုစုစည်းမှု
Saturday, 3 May 2014
Monday, 28 April 2014
“သူကား ပန်းငုဝါဖြစ်စေ…. ကိုယ်သည်ကား…”
“သူကား ပန်းငုဝါဖြစ်စေ…. ကိုယ်သည်ကား…”
--++---
ကိုယ့်အတွက်တော့
ချစ်ခြင်းတရားဆိုသည်မှာ အိပ်မက်တစ်ခုစာမျှထိပင် ရေရာသေချာမှုမရှိခဲ့။ အရာရာသည်
ဝေဝေဝါးဝါးနိုင်စွာ..။
အလွမ်းဆိုသည်ကိုပင် ပိုင်ပိုင်နိုင်နိုင်လွမ်းခွင့်ရှိပါရဲ့လား ဟု ဆန်းစစ်မိသည့်အခါ အရာရာသည် ဝေးသထက်ဝေးရာသို့ လွင့်ပေတော့၏။
အပြုံးမမည်သည့် နှုတ်ခမ်းတွန့်တွန့်လေးတွေကို ရော်ရမ်းမှန်းဆကာ လွမ်းသည်။ အမုန်းမမည်သည့် သံယောဇဉ်ဖြူဖြူတို့ကို မုန်းလျက်နှင့် လွမ်းသည်။ မေတ္တာဆိုသည် တစ်ခါတစ်ရံတော့ ခါးတတ်ကြောင်း သူသိအောင်တော့ ပြောပြချင်ပါသေးသည်။
အလွမ်းဆိုသည်ကိုပင် ပိုင်ပိုင်နိုင်နိုင်လွမ်းခွင့်ရှိပါရဲ့လား ဟု ဆန်းစစ်မိသည့်အခါ အရာရာသည် ဝေးသထက်ဝေးရာသို့ လွင့်ပေတော့၏။
အပြုံးမမည်သည့် နှုတ်ခမ်းတွန့်တွန့်လေးတွေကို ရော်ရမ်းမှန်းဆကာ လွမ်းသည်။ အမုန်းမမည်သည့် သံယောဇဉ်ဖြူဖြူတို့ကို မုန်းလျက်နှင့် လွမ်းသည်။ မေတ္တာဆိုသည် တစ်ခါတစ်ရံတော့ ခါးတတ်ကြောင်း သူသိအောင်တော့ ပြောပြချင်ပါသေးသည်။
ခွင့် ဆိုသည်မှာ
တစ်ပါးသူပေးမှ ရသည့်အရာဟု ဆိုလျှင် ကိုယ်ငြင်းဆိုချင်ပါသည်။ ကိုယ်က လွမ်းခွင့်ကို
သူမပေးပါဘဲ စိတ်တိုင်းကျသုံးစွဲနေသူမို့သာတည်း။ သို့မဟုတ် အခွင့်မရှိပါဘဲ
လွမ်းနေမိသူမို့သာတည်း။ သူမသိပါဘဲ ကိုယ့်တစ်ယောက်တည်း စိတ်ကူးနှင့် ရွက်လွှင့်ကာ လွမ်းနေရခြင်းသည်ပင်
ဘဝ၏ ခမ်းနားလှပသော အချိန် စလေးများ ဟု တင်စားခေါ်ဆိုချင်မိလေသည်။
Tuesday, 8 April 2014
uRefr\nmbufzdeyfuav;
“ကျွန်မ၏
ညာဘက်ဖိနပ်ကလေး”
--+++----
ဖိနပ်တစ်ရံ၏ တန်ဖိုးသည် ဈေးနှုန်းကြီးမြင့်ခြင်းနှင့်
စတိုင်ကျလှပခြင်းလေလား။ သို့မဟုတ် သက်တောင့်သက်သာရှိခြင်းနှင့် သုံးစွဲသူအတွက် ဝယ်ယူဖို့
ဈေးမကြီးခြင်းလေလား။ မည်သို့ပင်ဆိုစေကာမူ ယခု ဖိနပ်ဆိုင်ရှေ့တွင်
ကျွန်မ ရပ်နေပါသည်။ ဖိနပ်ဆိုင်ထဲသို့ ဝင်ကာ ဖိနပ်သစ်ဝယ်ယူဖို့သည် ကျွန်မချမှတ်ထားသော
စည်းမျဉ်းသေကြီးကို ချိုးဖေါက်ရမည့်အနေအထားဖြစ်နေသည်မို့ ဖိနပ်ဆိုင်ရှေ့တွင်သာ ရပ်လျှက်
အတွင်းသို့ မလှမ်းနိုင်ဖြစ်နေပေ၏။
ဖိနပ်ဆိုင်အတွင်းမှ ဖိနပ်လှလှလေးများသည်
တစ်ရံပြီးတစ်ရံ ပြင်ပသို့ထွက်ခွာသွားကြသည်။ ဆိုင်ဝန်ထမ်းကောင်မလေးကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့်
ရှိချေပြီ။ သို့သော် ကျွန်မ ဖိနပ်ဆိုင်တွင်းသို့ မဝင်မိသေး။
ကျွန်မက ဖိနပ်လှလှများကို
မချစ်တတ်ပါ။ ထို့အတူ ဈေးကြီးကြီးဖိနပ်များကိုလည်း မချစ်တတ်ပါ။ သို့သော် ကျွန်မသည်လည်း
မိန်းမသားတစ်ဦးမို့ ဒေါက်ဖိနပ်များကို ကြိုက်နှစ်သက်တတ်ပါ၏။ သုံးလက်မဒေါက်စီးကာ လမ်းလျှောက်ရလျှင်ပင်
ကိုယ်သည်သူ့အလိုလို စတိုင်ကျသွားသည်၊ အရာအားလုံးကို အပေါ်စီးမှ ကြည့်လိုက်ရသည် ဆိုသည့်
ခံစားချက်ဖြင့် မိုးမမြင်လေမမြင်ပျော်ကာ ဝယ်စီးဖူး၏။ သို့သော် ထိုဖိနပ်သည် ကျွန်မအတွက်
အသုံးမဝင်။ ဘက်စ်ကားပေါ်တက်လိုက်တိုင်း တပါးသူ ခြေထောက်ကို ထိသဖြင့် ခဏခဏတောင်းပန်ရ၏။
ထို့အပြင် ခပ်မြန်မြန်လျှောက်၍မရ။ ထိုအချိန်တုန်းက တက္ကသိုလ်ကျောင်းသူဖြစ်သည်မို့ ပို၍ပင်
လှချင်ခဲ့သော်လည်း အချိန်တစ်ခုအရောက်မှာတော့ မဖြစ်မနေပင် သူ့ကို စွန့်ခဲ့ရတော့၏။ ကျောင်းတက်ခေါင်းလောင်းထိုးချိန်တွင်
ကင်တင်းန်မှာပဲရှိသေးသည့် ကျွန်မ ကျောင်းသို့ပြေးအသွားမှာ ချော်လဲခဲ့ခြင်းပင်။ ရလဒ်အဖြစ်
ဒေါက်တစ်ဖက်ကျိုးလျှက်ရှိသော ဖိနပ်ကို နောက်တစ်နေ့မှာတော့ မစီးတော့။ တစ်ခြားဖိနပ်ပြောင်းခဲ့ရသည်။
သို့သော်လည်း ဒေါက်ဖိနပ်စီးသည့်ဒဏ်ကြောင့် ခါးနာခြေသလုံးနာရောဂါကိုတော့ ရက်အတန်ကြာထိ
လက်ခံထားခဲ့ရလေသည်။ ထိုအချိန်မှ၍ သက်တောင့်သက်သာဖြစ်စေမည့် ဖိနပ်တို့ကိုသာ ရွေးချယ်ခဲ့မိတော့သည်။
Friday, 4 April 2014
“မြိနေအောင် သွေးထားတဲ့ မြားတစ်စင်း ”
“မြိနေအောင်
သွေးထားတဲ့ မြားတစ်စင်း ”
--++--
(၁)
မြင်လား
သား။ အဲဒါ မင်းအဖေ။ မင်းအဖေ လူယုတ်မာကြီးလေ။ သေချာမြင်အောင်ကြည့်ထားစမ်း ငါ့သား။ တစ်နေ့မှာ မေမေ့အတွက် သားက လက်စားချေပေးမယ်မဟုတ်လားဟင်။
နှင်း၏
လက်ကို ဆုပ်ကိုင်ထားသည့် သား၏ လက်က ပို၍တင်းကျပ်သွားသည်မို့ သားငယ်ကြည့်ရာကို ကြည့်လိုက်မိတော့
မောင်နှင့် မိန်းမငယ်တစ်ဦး။ ဟင့်အင်း။ နှင်းအတွက်တော့ မည်သို့မျှမခံစားရပါ။ ကြိုပြီးသိထားပြီးသား
အကြောင်းအရာတစ်ခုသာဖြစ်သည်။ ဒီကုန်တိုက်ကို ဒီလိုနေ့ဆို ဈေးဝယ်ထွက်နေကြ ဆိုတဲ့ အတွင်းသိစကားအရ
သားနှင့် မောင့်ကို ရင်ဆိုင်ပေးလိုက်တာသာ ဖြစ်သည်။
သို့သော်
ကိုယ့်ကို မော့်ကြည့်လာသည့် သားငယ်၏ မျက်ဝန်းလေးများကြောင့် ဒေါသကို အရှိန်ပြင်းကာ
မျက်ဝန်းတွင် မျက်ရည်များစို့လာအောင် ပြုလုပ်လိုက်သည်။ ထို့နောက် ထိုင်ချလိုက်ရင်း
သားကို
“သား
သားတို့ အရွယ်ဝတ်တဲ့ အဝတ်အစားတန်းဘက် သွားရအောင်နော် မေမေ့အတွက် အဝတ်မဝယ်ချင်သေးဘူးနော်”
မျက်ရည်အဝဲသားနှင့်
ခေါင်းညိတ်ပြလိုက်သည့် သားလေး၏ လက်ကလေးကို ဆွဲကိုင်ကာ ကလေးအဝတ်အစားတန်းဘက် လျှောက်လိုက်ရင်း
နှင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
“မောင်
မင်းအတွက် မြားတစ်စင်း ကိုယ် သွေးနေပြီ။ မင်း လွတ်အောင်ရှောင်နိုင်မှာလား မောင်”
သားလက်ကို
ကိုင်ကာ ထလိုက်သည့်အချိန်မှာပဲ မောင့်မျက်ဝန်းတို့ အထိတ်တလန့်ဖြစ်သွားခဲ့သည်ကို သတိပြုမိ၏။
သို့သော် နှင်းက မသိကျိုးကျွံပြုကာ သားလက်ကို ဆွဲ၍ ထွက်ခွာလာခဲ့သည်မဟုတ်ပါလား။ တစ်ယောက်လက်ကို
တစ်ယောက်ချိတ်ဆွဲထားသော မောင်နှင့်ထိုမိန်းကလေး၏ အကြောင်းကို နှင်းရှင်းမပြလည်း သုံးတန်းကျောင်းသားဦးနှောက်ဖြင့်
သားနားလည်မည်ဟု ယုံကြည်သည်လေ။
--++--
Thursday, 3 April 2014
ဆုံမှတ်မဲ့ ရင်ဝှက်တေး
“ဆုံမှတ်မဲ့ ရင်ဝှက်တေး”-ရည်ဝေ(လင်းရောင်ခြည်)
---++++-----
ကြာခဲ့ပြီ။ ဟုတ်သည်။ ကြာခဲ့ပြီဖြစ်သည်။
ခုံတန်းလေးသည်လည်း သူ၏ရှိမြဲနေရာ၌ ရှိနေသေးသည်။ သို့သော်
ခုံတန်းလေးသည်လည်း ဇရာကို အံမတုနိုင်ဟန်ဖြင့် အိုမင်းရိရော်နေခဲ့ချေပြီ။ တစ်ချိန်က
အစိမ်းရောင်ဖျော့ဖျော့တို့ ဆိုးခဲ့သော ခုံတန်းလေးသည် ယခုတော့လည်း အရောင်ပြယ်လုလု အစိမ်းရောင်ဖျော့တော့တော့ဖြင့်
ကျွန်တော့်ကို ကြိုလင့်နေသည့်အလား။
တစ်စုံတစ်ယောက်သည်ကော ခုံတန်းလေးကဲ့သို့ ကျွန်တော့်ကို
ကြိုနေလေဦးမည်လား။ သို့မဟုတ် အရာရာကို ပြည်ဖုံးကား ချလိုက်လေပြီလား။ အခွင့်ရှိလျှင်ဖြင့်
သိချင်စမ်းလှပါသည်။ သြော် သိချင်စမ်းလှပါသည်လေ။
ကျောင်းဆောင်၏ အလယ်တည့်တည့်တွင် စိုက်ပျိုးထားသည့် စိန်ပန်းနီနီကိုကြည့်ရင်း
လမ်းဘေးအလေ့ကျပေါက်တတ်သည့် စိန်ပန်းနီကိုပင် ခူးမှာစိုးသည့်အလား တားဆီးထားသည့် ဆိုင်းဘုတ်တစ်ခုကို
သတိရမိပြန်သည်။ “သတိ- ပိုင်ရှင်ရှိသည် မိမိကိုယ်ကို သူခိုးအဖြစ်မခံပါနှင့်” တဲ့လေ။
အတွေးနှင့်အတူ ခုံတန်းလေးတွင်ထိုင်ရင်း ကျောင်းတော်ကြီးကို
ငေးကြည့်နေမိသည်။ တစ်ချိန်က ဒီကျောင်းတော်ကြီးတွင် လင်းခက် ဆိုသည့် ကျောင်းသားလေးတစ်ယောက်
ပညာနို့ရည် သောက်စို့ခဲ့ဖူးသည်ပေါ့။ တစ်ချိန်ကတော့ ဒီကျောင်းတော်ကြီး၏ ကင်န်တီးန်ပေါင်းစုံတွင်
လင်းခက်နှင့် တစ်ယောက်သောသူ၏ ခြေရာတို့ အထပ်ထပ်ရှိခဲ့ဖူးပေသည်။ ထိုကဲ့သို့ အထပ်ထပ်ရှိခဲ့ဖူးသည်ကို
အမှတ်ရပါရဲ့လား မမမွန်။ စိတ်တွင်းမှ ထွက်ရှိလာသော မေးခွန်းကို ကပြာကသီသိမ်းအုပ်လိုက်ချိန်တွင်
စိတ်၌ တစ်စုံတစ်ရာသော စေ့ဆော်မှုခံလိုက်ရသည့်အလား အနောက်ဘက်ဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
ပန်းတစ်ပွင့် ရင့်ကျက်တည်ငြိမ်သည့် အလှဖြင့် သူ့ကို ငေးကြည့်နေလေသည်ပဲ။
မမမွန်။ သူ့ကို ကြိုဆိုလေသည်တော့ ဟုတ်ဟန်မတူ။ မမွန်၏ မျက်နှာသည် ပကတိ တည်ငြိမ်လွန်းလှသည်။
သို့သော် မျက်ဝန်းထဲမှာတော့ အငွေ့တစ်ချို့ လှိုင်းထနေလေသည်လား။ ဖျတ်ခနဲ သူထရပ်လိုက်မိသည်။
သူ့ကို ငေးကြည့်နေရာမှ သူရှိရာသို့ တစ်လှမ်းချင်းလှမ်းလာသော မမမွန်၏ အလှသည် စံပယ်ဖြူတစ်ပွင့်၏
ရင့်ကျက်တည်ငြိမ်မှုကဲ့သို့ပင်။ ဖြူစင်အေးချမ်းလှသည်။ သို့သော်…။ သူနှင့်မမမွန်ဆိုသည်က
အဖြေမပီခဲ့သည် စွယ်တော်ရွက်လေးတွေ ဖြစ်ခဲ့သည် မဟုတ်လားလေ။
ကြာခဲ့ပြီ။ ကြာခဲ့ပါပြီ။
သူ၊ မမမွန်။ သက္ကရာဇ်များစွာသည် တစ်ရိပ်ရိပ်ပြေးလွှားလိုက်သည့်
ရထားတစ်စင်းအလား…။
Monday, 17 March 2014
Saturday, 15 March 2014
“သူ ကုန်းမြေတစ်ခုသာ ဖြစ်ပါသည်”
**************************************
သူက
ကုန်းမြေတစ်ခုဖြစ်သည်။ သူ့ကို ပိုင်ဆိုင်သူမှာ သူကိုယ်တိုင်မဖြစ်ခဲ့သည်ကလွဲ၍ သူ ပျော်ရွှင်ခဲ့ပါသည်။
--++--
သူ
အနည်းငယ်တော့ စိတ်ညစ်ပါသည်။ သူ့ကျောပြင်တွင် ရှင်သန်နေကြသော ထနောင်းတော နှင့် ကန္တာရတော
တို့သည် တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်မှာ သူ့အတွက် တဲ့။ တကယ်ဆိုသူ့ကို
ပိုင်ဆိုင်သူဟု သူကိုယ်တိုင် သတ်မှတ်ထားခဲ့သည်ကိုက ထနောင်းတောသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်
ထနောင်းတောကသာလျှင် သူ့ကို အမည်နာမ ပေးခဲ့သည်မဟုတ်ပါလား။
Thursday, 13 March 2014
ငြိမ်ငြိမ်..နေ
နာဖျားမှုနည်းနည်း ဆွတ်လိမ်းထားတဲ့ နေ့လယ်ခင်းမှာ ကျွန်တော်တစ်ယောက်တည်း။
တစ်ခါတစ်လေကျ ဘယ်သူမှမသိတဲ့ ဒဏ်ရာအနာတရတွေကို ဆုပ်ကိုင်ထားရတာကိုက ဘဝပီပီသသ နာကျင်စူးရှလို့။
အိပ်မက်တွေ မမက်တော့ဘူး။ ဒါမှမဟုတ် အိပ်မက်တွေ မမှတ်မိတော့ဘူး။
ဒါမှမဟုတ် ကျွန်တော် မက်နေခဲ့မိတာကိုက အိပ်မက်အသေတွေဖြစ်မယ်။
Monday, 3 March 2014
“မြို့ပြရနံ့ဖုံးလွှမ်းလွန်းသော ..”
မဟာဗန္ဓုလပန်းခြံကြီးသည်
သိပ်မကျယ်ဝန်းပါ။ သို့သော် လေကောင်းလေသန့်ကောင်းစွာရသည့်အပြင် မြက်ခင်းပြင်ထက်၌ ထိုင်ရသည့်အရသာကြောင့်ပဲလား။
သို့မဟုတ် ဖြတ်လမ်းအနေဖြင့်အသုံးပြုလေသည်လား၊ ခေတ္တခဏနားခိုစရာ ဖြစ်နေ၍လားမသိ။ လူဝင်လူထွက်များပြားလှသည်။
ဝင်ကြေးမပေးရသည့်အပြင် သိပ်မကြီးမားသော ကလေးကစားကွင်းလည်း ရှိသည်မို့ မိသားစုလိုက်
လာကြသူများလည်း ရှိသည်။ လူကြီးလူငယ်အဖုံဖုံလည်း
အုပ်စုဖွဲ့ထိုင်နေကြပြန်သေးသည်။ မြက်ခင်းတွင်ထိုင်နေရာမှ ဟိုဟိုဒီဒီအကြည့်တို့ကစားကြည့်လိုက်မိသည်။
Saturday, 1 March 2014
ဒဏ်ရာရ ပန်းတစ်ပွင့်ရဲ့ အဖြေ
(၁)
မေမေ၊ မေမေ ဒီနေ့ ရန်ကုန်က ပြန်မလာဘူးတဲ့လား။ အန်တီကလည်း
အရှေ့အိမ်မှာ ရုပ်ရှင်ကြည့်နေတုန်းလား။ ဒီခြေသံဟာ မေမေနှင့် အန်တီ့ခြေသံမဟုတ်တာတော့
သေချာနေခဲ့သည်။ အနံ့တထောင်းထောင်းထနေသော ခြေသံကို ကြောက်ရွံ့လွန်းစွာ ကုတင်အောက်သို့ဝင်ပုန်းရင်း
မျက်လုံးအစုံကို အနားမပေးနိုင်ခဲ့။ ဘယ်အချိန်များ တံခါးလှပ်လိုက်မလဲဆိုသည့်အတွေးဖြင့်
ကြောက်လန့်စွာ..။
ဟင့်အင်း။ ကျွန်မကို
ဟိုကိုင်ဒီကိုင် လုပ်တာလဲမကြိုက်ဘူး။ ဟိုထိဒီထိလုပ်တာလည်း မကြိုက်ဘူး၊ မကြိုက်ဘူး။
ဘာဦးလေးလဲ။ သွေးတော်တာမှမဟုတ်ဘဲ။ ကျွန်မမျက်နှာကို လာ
Monday, 24 February 2014
မိတ်ဆွေ
စိတ်ရှိသမျှ ရွာချဖို့ စကားတွေ ခန်းနေတဲ့အခါ
ကိုယ်ကိုယ်တိုင်ပဲ တိတ်ဆိတ် ဆွံ့အ
တေမိလူသား ဆိုတဲ့ အဖြစ်သာ ထိုက်တန်တယ်။
စိတ်ရှိသမျှ စကားတွေရွာချဖို့ မသင့်တော်တဲ့အခါ
---
ကိုယ်ကိုယ်တိုင်ပဲ တိတ်ဆိတ် ဆွံ့အ
တေမိလူသား ဆိုတဲ့ အဖြစ်သာ ထိုက်တန်တယ်။
စိတ်ရှိသမျှ စကားတွေရွာချဖို့ မသင့်တော်တဲ့အခါ
---
Friday, 21 February 2014
“ထမင်းရည်ပူ စည်း ဘေးက လွယ်အိတ်နှစ်လုံး”
“ထမင်းရည်ပူ စည်း ဘေးက လွယ်အိတ်နှစ်လုံး”
--+++---
ငါ့လို ဘေးစောင်းလွယ်အိတ်လေးတစ်လုံး
တွေ့တယ် ။
သူ့မျက်နှာမှာ ငါ့လိုပဲ အကြည်ရောင် ကျည်ကာလေးဝတ်ဆင်ထားတဲ့ လွယ်အိတ်လေးကို တွေ့တယ်။
သိလား။ ငါတို့နှစ်ဦးကြားက နားလည်မှုအရ။ ကျည်ကာ ကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အနာတရတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အမှန်တရားတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ ထေ့ငေါ့မှုလေးတွေရှိတယ်။
သူ့မျက်နှာမှာ ငါ့လိုပဲ အကြည်ရောင် ကျည်ကာလေးဝတ်ဆင်ထားတဲ့ လွယ်အိတ်လေးကို တွေ့တယ်။
သိလား။ ငါတို့နှစ်ဦးကြားက နားလည်မှုအရ။ ကျည်ကာ ကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အနာတရတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အမှန်တရားတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ ထေ့ငေါ့မှုလေးတွေရှိတယ်။
“ခင်ဗျားက သိပ်မာန်တက်တာပဲ”
သူ့ပြောစကားမှာ ငါ့မျက်ဝန်းတွေ
ရယ်ဟဟပြောင်းသွား။ ဟင့်အင်း။ စိတ်မဆိုးခဲ့ပါဘူး ကလေးရယ်။ မာတင်းနေဟန်ဆောင်ရတဲ့ ငါ့စိတ်ကြီးကို
မင်းနားမလည်တာပဲ ရယ်ချင်တာ။ သိလား။ ငါ့အမှန်တရားကို ထုတ်ပြဖို့ တစ်ခါမှ မရဲဝံ့ဖူးဘူး
ကလေးရဲ့။ ငါရဲဝံ့ခဲ့ဖူးတာ မင်းတစ်ယောက်တည်းအတွက်ပဲ။ အတွေးထဲမှာ စကားတွေ ဆိုနေခဲ့ပေမဲ့
တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြင်ပမှာနေထိုင်တယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ငေးကြည့်နေကြရအောင်။
ငါ့မျက်ဝန်းနဲ့ မင်းမျက်ဝန်း အကြည့်ချင်း သော့ခတ်ထားကြေး။ ကဲ ဘယ်လိုလဲ။
Tuesday, 18 February 2014
စည်းအပြင်က လူ
ချစ်သည်။ အလှဆင်ကာ ချိတ်ဆွဲထားသည့် မီးပုံးလေးများကို
ချစ်သည်။ အလှဆင်ချိတ်ဆွဲထားသည့် အပြုံးများကို ချစ်သည်။ အလှဆင်တွဲဆက်ထားသည့် လက်ကလေးများကို
ချစ်သည်။ သို့သော် ကျွန်တော်က ဆူးတစ်ချောင်း ဖြစ်လို့နေခဲ့သည်။
ကိုယ်ချစ်ခင်ရသော အရာဝတ္ထုများ၊ လူများ နာကျင်သောအခါ ကျွန်တော်
သေလုမတက်ခံစားရပါသည်။ ထို့အပြင် ထိုသို့နာကျင်အောင်လုပ်သူသည် ကျွန်တော်ကိုယ်တိုင်ဖြစ်နေသောအခါ
ပိုလို့ပင် နာကျင်ခံစားရ၏။
“လူတောမတိုး၊ လူရာမဝင်” ဆိုသည့် စကားကို ကြားဖူးပါသလား။
ကျွန်တော်က လူတောမတိုးသည့် ဆူးတစ်ချောင်းဖြစ်ပါသည်။ လူရာမဝင်သည့် ဆူးတစ်ချောင်းဖြစ်ပါသည်။
စိတ်ကြီးက မည်မျှပင်သံယောဇဉ်ရှိသည်ဟုဆိုဆို၊ ကိုယ်သံယောဇဉ်ရှိသူမှန်သမျှကို အနာတရသာ
ပေးတတ်သူမှာ မည်ကဲ့သို့ပျော်ရမည်နည်း။
Sunday, 16 February 2014
ရောင်နီကတော့ သမ်းခဲ့ပြီ
“အောက် အီးအီး အွတ်”
ရောင်နီတို့သမ်းပြီ။ အလင်းပျို့ပျို့ အန်ချေပြီ။ လက်မှကတ်ကြေးသည် အရှေ့တိုးရမည်လေလား။ အနောက်ဆုတ်ရမည်လေလား။ မျက်ရည်ကြည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးကို အာရုံတွင်ပြန်မြင်မိသကဲ့သို့ရှိ၏။
“ဟင့်အင်း ဟင့်အင်း ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေပါရစေ”
တစ်ရက်မှသည် တစ်ပတ်တန်ခဲ့ပြီ။ သွားခေါ်တိုင်း ခေါင်းတခါခါလည်တခါခါနှင့်ငြင်းတတ်သည့် သမီးငယ်။ သူ့အဘိုးအဘွားရှေ့မှာ ဆွဲခေါ်လို့မရ၊ ရိုက်နှက်ခေါ်လို့မရနှင့် နောက်ဆုံး အဖေ့ သံသယမျက်လုံးကိုပါ အေးမိရင်ဆိုင်ခဲ့ရပြီးပြီဖြစ်သည်။
အကြည့်တို့ မှုန်ဝါးလာမှုသည် မျက်ရည်ကြောင့်လား။ ရင်တွင်းအပူကြောင့်လား။ ဝေခွဲမရခြင်းများစွာနှင့် အေးမိ ကတ်ကြေးကို ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
ရောင်နီတို့သမ်းပြီ။ အလင်းပျို့ပျို့ အန်ချေပြီ။ လက်မှကတ်ကြေးသည် အရှေ့တိုးရမည်လေလား။ အနောက်ဆုတ်ရမည်လေလား။ မျက်ရည်ကြည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးကို အာရုံတွင်ပြန်မြင်မိသကဲ့သို့ရှိ၏။
“ဟင့်အင်း ဟင့်အင်း ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေပါရစေ”
တစ်ရက်မှသည် တစ်ပတ်တန်ခဲ့ပြီ။ သွားခေါ်တိုင်း ခေါင်းတခါခါလည်တခါခါနှင့်ငြင်းတတ်သည့် သမီးငယ်။ သူ့အဘိုးအဘွားရှေ့မှာ ဆွဲခေါ်လို့မရ၊ ရိုက်နှက်ခေါ်လို့မရနှင့် နောက်ဆုံး အဖေ့ သံသယမျက်လုံးကိုပါ အေးမိရင်ဆိုင်ခဲ့ရပြီးပြီဖြစ်သည်။
အကြည့်တို့ မှုန်ဝါးလာမှုသည် မျက်ရည်ကြောင့်လား။ ရင်တွင်းအပူကြောင့်လား။ ဝေခွဲမရခြင်းများစွာနှင့် အေးမိ ကတ်ကြေးကို ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
အဆိပ်မိ ည
စိတ် ကြီး အကျည်း တန်တဲ့ ညနေနဲ့ ကျွန်တော့် ရှင်သန်မှုဟာ သိပ် မှောင်လွန်းတယ်။
ပျော်ရွှင်မှုတွေဝေမျှဖို့ ဘယ်လိုစကားနဲ့ တီးခတ်ရမလဲ။ ကိုယ် သိပ်ကြောက်တဲ့ တွေးခေါ်မှုတွေဟာ ကိုယ့်စိတ်ကိုအမြဲပိုင်စိုးတယ်။ လူတော့လူပဲ။ အ တယ် ထင်ထင်၊ ဘောင်မှာ နေသားကျလျှက်သား။ ဆူပါဆိုရှယ် ဖြစ်ဖို့ လေ့ကျင့်ဖို့ မေ့လျော့ခဲ့တယ်။ ကိုယ့်စိတ်တစ်ခုလုံး ဝေမျှခဲ့ဖူးတာပဲ။ အဆုံးသတ်ကျတော့လည်း ကိုယ့်လက်ခံမှုကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ် လျှောက်လျှက်သား။ ဘာတွေဘယ်လို တွေးဆရမှာလဲ။ ကိုယ့်မယုံကြည်မှုကိုယ်စီနဲ့တိုးဝင်မိခဲ့တဲ့ လမ်းတွေမှာ ရိုက်ခတ်မှုတွေ မတူညီဘူး။
ပျော်ရွှင်မှုတွေဝေမျှဖို့ ဘယ်လိုစကားနဲ့ တီးခတ်ရမလဲ။ ကိုယ် သိပ်ကြောက်တဲ့ တွေးခေါ်မှုတွေဟာ ကိုယ့်စိတ်ကိုအမြဲပိုင်စိုးတယ်။ လူတော့လူပဲ။ အ တယ် ထင်ထင်၊ ဘောင်မှာ နေသားကျလျှက်သား။ ဆူပါဆိုရှယ် ဖြစ်ဖို့ လေ့ကျင့်ဖို့ မေ့လျော့ခဲ့တယ်။ ကိုယ့်စိတ်တစ်ခုလုံး ဝေမျှခဲ့ဖူးတာပဲ။ အဆုံးသတ်ကျတော့လည်း ကိုယ့်လက်ခံမှုကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ် လျှောက်လျှက်သား။ ဘာတွေဘယ်လို တွေးဆရမှာလဲ။ ကိုယ့်မယုံကြည်မှုကိုယ်စီနဲ့တိုးဝင်မိခဲ့တဲ့ လမ်းတွေမှာ ရိုက်ခတ်မှုတွေ မတူညီဘူး။